Tom Clancy's Jack Ryan: Ghost War
"Tom Clancy's Jack Ryan: Ghost War" (2026) ဟာ Amazon Prime Video ရဲ့ နာမည်ကြီး စိတ္တဇစပိုင် TV series ဇာတ်လမ်းတွဲအပြီးမှာ ဇာတ်သိမ်းအဖြစ် ပြန်လည်ထွက်ရှိလာတဲ့ Action / Spy Thriller ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။
ဒါရိုက်တာ Andrew Bernstein က ရိုက်ကူးထားပြီး မင်းသားကြီး John Krasinski က Jack Ryan အဖြစ် ပြန်လည်ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
TV series အပြီးမှာ Jack Ryan ဟာ စပိုင်လောကကနေ အနားယူပြီး Wall Street မှာ သာမန်ဘဏ္ဍာရေး အကြံပေးအဖြစ် တည်ငြိမ်စွာ နေထိုင်နေခဲ့ပါတယ်။ ဒါပေမဲ့ CIA ဒုတိယညွှန်ကြားရေးမှူး ဖြစ်လာတဲ့ သူငယ်ချင်းဖြစ်သူ James Greer (Wendell Pierce) ရဲ့ တောင်းဆိုမှုကြောင့် ဒူဘိုင်းမှာပြုလုပ်မယ့် သာမန်သတင်းအချက်အလက် လက်ခံယူရေး အလုပ်တစ်ခုကို ကူညီပေးဖို့ သဘောတူခဲ့ပါတယ်။
အဲဒီနေရာမှာတင် မမျှော်လင့်ဘဲ အင်္ဂလန် MI6 အဖွဲ့ရဲ့ စိတ္တဇဆန်တဲ့ စစ်ဆင်ရေးတစ်ခု ပျက်စီးသွားပြီး သတင်းပေးသူ အသတ်ခံလိုက်ရပါတယ်။ အဆိုပါ အဖြစ်အပျက်ကနေတစ်ဆင့် Jack Ryan ဟာ CIA နဲ့ MI6 တို့ရဲ့ အတိတ်က လျှို့ဝှက်ချက် "Project Starling" ဆိုတဲ့ တရားမဝင် ပုဂ္ဂလိက စစ်ဆင်ရေးအဖွဲ့အကြောင်း သိရှိသွားခဲ့ပါတယ်။
ဒီစစ်ဆင်ရေးအဖွဲ့ကို ဦးဆောင်နေသူကတော့ အစိုးရကို သစ္စာဖောက်ပြီး ကိုယ်ကျိုးအတွက် အကြမ်းဖက်မှုတွေ ဖန်တီးနေတဲ့ လူမိုက် Liam Crown ဖြစ်နေတဲ့အခါ—
Jack Ryan ဟာ MI6 အရာရှိ Emma Marlow (Sienna Miller)၊ အဖွဲ့ဝင်ဟောင်း Mike November (Michael Kelly) တို့နဲ့ ပူးပေါင်းပြီး လန်ဒန်မြို့ကြီးကို အကြီးစား ဗုံးခွဲတိုက်ခိုက်မှုရန်ကနေ တားဆီးဖို့ အချိန်နဲ့အပြိုင် ယှဉ်ပြိုင်ရပါတော့တယ်...
Comments