Neglected 2026
"Neglected" (2026) ဟာ ရဲအရာရှိတစ်ဦးနဲ့ စိတ်ဝေဒနာရှင်ဆန်ဆန် လူသတ်သမားတစ်ဦးတို့ရဲ့ စိတ္တဇဆန်ဆန် ဉာဏ်စမ်းကစားမှုကို ရင်တထိတ်ထိတ်နဲ့ ရိုက်ကူးထားတဲ့ Crime / Mystery / Psychological Thriller ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။
ဒါရိုက်တာ David Lipper က ရိုက်ကူးထားပြီး မင်းသားကြီး Josh Duhamel နဲ့ Dylan Sprouse တို့ အဓိက ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ Saw သို့မဟုတ် Seven စတိုင်လ် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရတဲ့ သည်းထိတ်ရင်ဖို ဇာတ်အိမ်မျိုး ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
အနားယူဖို့ အစပျိုးနေပြီဖြစ်တဲ့ ဝါရင့်ရဲစုံထောက်ကြီး Matthew Shaw (Josh Duhamel) ရဲ့ ပထမဆုံး အနားယူသည့်နေ့မှာပဲ အနိဋ္ဌာရုံတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
သွေးတွေရွှဲနေတဲ့ လူငယ်တစ်ယောက်ဖြစ်သူ AJ (Dylan Sprouse) ဟာ ရဲစခန်းထဲကို ကိုယ်တိုင်ဝင်ရောက် လက်နက်ချအဖမ်းခံပြီး စုံထောက် Shaw နဲ့ပဲ တွေ့ချင်တယ်လို့ တောင်းဆိုပါတယ်။ အဖမ်းခံလိုက်ရတဲ့ AJ ဟာ စုံထောက် Shaw ကို ကြောက်မက်ဖွယ် သတိပေးချက်တစ်ရပ် ပေးခဲ့ပါတယ်။ အဲဒါကတော့ — Shaw ရဲ့ အထက်တန်းကျောင်းသား သားလေးကို မြေကြီးထဲမှာ အရှင်လတ်လတ် မြှုပ်နှံထားခဲ့တယ် ဆိုတာပါပဲ။
အောက်ဆီဂျင် ၁၀ နာရီစာပဲ ကျန်ရှိတော့တဲ့ သားဖြစ်သူရဲ့ အသက်ကို ကယ်တင်ချင်ရင် AJ လွန်ခဲ့တဲ့ ရက်ပိုင်းက ကျူးလွန်ခဲ့တဲ့ ရက်စက်လွန်းလှတဲ့ လူသတ်မှု ၃ ခု ရဲ့ နောက်ကွယ်က အမှန်တရားနဲ့ လျှို့ဝှက်ချက်တွေကို အချိန်မမှီခင် ဖော်ထုတ်ပေးရမယ်လို့ အကျပ်ကိုင်လိုက်ပါတယ်။ စုံထောက် Shaw တစ်ယောက် နာရီနဲ့အမျှ ပြေးလွှားပြီး အမှုတွေကို စုံစမ်းစစ်ဆေးရင်းနဲ့မှ ဒီဖြစ်ရပ်ဟာ သူ့ဆီကို မတော်တဆ ရောက်ရှိလာတာမဟုတ်ဘဲ မိဘမဲ့စောင့်ရှောက်ရေးစနစ်နဲ့ စနစ်ဟောင်းရဲ့ ပျက်စီးယိုယွင်းမှုတွေ နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတာကို တုန်လှုပ်ဖွယ် တွေ့ရှိသွားရတဲ့အခါ...
Comments