Now PlayingCrime
👷 Crime 🌍 USA 📅 2026

The Sheep Detectives (2026)

The Sheep Detectives (2026) 4K HEVC
​+++++++++++
​IMDb Rating (7.6) / Rotten Tomatoes (96%)
​မင်းသားကြီး Hugh Jackman ရဲ့ ဒီကားလေးကတော့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမယ့် ဟာသနဲ့ လျှို့ဝှက်ဆန်းကြယ် စုံထောက်ကားလေးပါ။
​Leonie Swann ရဲ့ နာမည်ကြီးဝတ္ထု "Three Bags Full" ကို အခြေခံပြီး ဒါရိုက်တာ Kyle Balda က ရိုက်ကူးထားတာ ဖြစ်ပါတယ်။
​ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျော့ချ်ဆိုတဲ့ သိုးကျောင်းသားကြီးဟာ ညတိုင်း သူ့ရဲ့ချစ်လှစွာသော သိုးလေးတွေကို စုံထောက်ဝတ္ထုတွေ ဖတ်ပြလေ့ရှိပါတယ်။
​သိုးတွေဆိုတော့ နားလည်မှာမဟုတ်ပါဘူးလေ ဆိုပြီး ဖတ်ပြနေပေမယ့် တစ်နေ့ကျတော့ ခြံထဲမှာ ဂျော့ချ် အသတ်ခံလိုက်ရတဲ့အခါ ဇာတ်လမ်းစပါတော့တယ်။
​သိုးလေးတွေက သူတို့သခင်ကို သတ်သွားတဲ့ လူသတ်သမားကို ရှာဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
​ညတိုင်း နားထောင်ခဲ့ရတဲ့ စုံထောက်ဝတ္ထုတွေထဲက အသိပညာတွေနဲ့ သိုးလေးတွေဟာ သဲလွန်စတွေရှာ၊ မသင်္ကာစရာ လူတွေကို စုံစမ်းရင်း တကယ့်် စုံထောက်တွေလို အမှုလိုက်ကြပါတော့တယ်။
​လူတွေ မထင်မှတ်ထားတဲ့ သိုးလေးတွေရဲ့ ဉာဏ်ရည်နဲ့ အမှုအခင်းကို ဘယ်လို စုံစမ်းဖော်ထုတ်မလဲဆိုတာကို ရယ်မောစရာလေးတွေနဲ့ ကြည့်ရမှာပါ။
​Hugh Jackman က ဂျော့ချ်နေရာကနေ ပါဝင်ထားပြီး သိုးလေးတွေရဲ့ အသံတွေနေရာမှာတော့ Julia Louis-Dreyfus, Bryan Cranston, Emma Thompson, Patrick Stewart နဲ့ Bella Ramsey တို့လို နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်အားဖြည့်ထားပါတယ်။
​CGI သိုးလေးတွေရဲ့ အမူအရာတွေကလည်း အရမ်းချစ်စရာကောင်းသလို၊ ဟာသလေးတွေနဲ့မို့ အပျင်းပြေကြည့်ဖို့ အရမ်းကောင်းတဲ့ ကားလေးတစ်ကားလို့ ညွှန်းပါရစေ။

👁19Views
💬0Comments
Community

Comments

User: usr_819046a1a7...
0/500
ပထမဆုံး comment ရေးသူဖြစ်နိုင်ပါတယ်။