Now PlayingHorror
👻 Horror 🌍 USA 📅 2021

The Conjuring 3(2021)

The Conjuring: The Devil Made Me Do It (2021) ကားဟာ The Conjuring Universe ရဲ့ တတိယမြောက် ပင်မရုပ်ရှင်ဖြစ်ပြီး၊ ပထမနှစ်ကားလုံးကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Wan နေရာမှာ The Curse of La Llorona ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Michael Chaves က ပြောင်းလဲပုံဖော်ပေးထားတဲ့ အမေရိကန် သရဲအသည်းယားဖွယ်ရာ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။
​ဒီကားဟာ အရင်ကားတွေလို အိမ်ကြီးတစ်လုံးထဲမှာတင် သရဲခြောက်တာမျိုး မဟုတ်ဘဲ ဝါရင့်စုံစမ်းရေးမှူး ဇနီးမောင်နှံက တရားရုံးအမှုအခင်းတစ်ခုကို လိုက်လံဖြေရှင်းရတဲ့ စုံစမ်းစစ်ဆေးရေး (Detective Mystery) ပုံစံမျိုး ခွဲထွက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
​ဇာတ်လမ်းအကျဉ်း (Plot Summary)
​ဇာတ်လမ်းကတော့ ၁၉၈၁ ခုနှစ်၊ ကွန်နက်တီကတ် (Connecticut) ပြည်နယ်မှာ အခြေခံထားပါတယ်။ အသက် ၁၁ နှစ်အရွယ် ကောင်လေး David Glatzel ရဲ့ ကိုယ်ထဲမှာ ပြင်းထန်တဲ့ နတ်ဆိုးတစ်ကောင် ပူးကပ်နေတာကြောင့် Ed Warren နဲ့ Lorraine Warren တို့ ဇနီးမောင်နှံဟာ ကက်သလစ်အသင်းတော်နဲ့အတူ နတ်ဆိုးနှင်ထုတ်ပွဲ (Exorcism) တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ နတ်ဆိုးရဲ့ အစွမ်းက ပြင်းထန်လွန်းတာကြောင့် Ed Warren တစ်ယောက် နှလုံးရပ်ပြီး မေ့လဲသွားခဲ့သလို၊ ဒေးဗစ်ရဲ့ အစ်မဖြစ်သူရဲ့ ရည်းစားဖြစ်သူ Arne Cheyenne Johnson ဟာ ကောင်လေးခံစားနေရတာကို မကြည့်ရက်တော့ဘဲ "ဒေးဗစ်ကို လွှတ်လိုက်ပြီး ငါ့ကိုယ်ထဲကိုသာ ဝင်စမ်း" ဆိုပြီး နတ်ဆိုးကို စိန်ခေါ် မျှားခေါ်လိုက်ပါတော့တယ်။
​အဲဒီနောက်ပိုင်းမှာ ဒေးဗစ်လေး နေကောင်းသွားပေမဲ့ နတ်ဆိုးပူးကပ်ခြင်းခံလိုက်ရတဲ့ လူငယ်လေး Arne ကတော့ စိတ်ချောက်ခြားမှုတွေ ဖြစ်လာပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ အိမ်ရှင်ဖြစ်သူကို ဓားနဲ့ ၂၂ ချက်တိတိ ထိုးသတ်မိလိုက်ပါတော့တယ်။ အမေရိကန်ဥပဒေအရ လူသတ်မှုကျူးလွန်သူ Arne ဟာ သေဒဏ် သို့မဟုတ် ထောင်ဒဏ်တစ်သက် တစ်ခုခု ခံရတော့မယ့် အခြေအနေမှာ Warren ဇနီးမောင်နှံက တရားရုံးမှာ "Arne ဟာ နတ်ဆိုးပူးကပ်ပြီး ခိုင်းစေခံရလို့သာ ဒီလူသတ်မှုကို ကျူးလွန်ခဲ့တာဖြစ်တယ်" လို့ ခုခံချေပပေးဖို့ ကြိုးစားပါတော့တယ်။ အမေရိကန်တရားစီရင်ရေး သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် "နတ်ဆိုးက ခိုင်းလို့ သတ်ရတာပါ" ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှုရင်ဆိုင်ဖို့အတွက် Warren ဇနီးမောင်နှံဟာ ဒီနတ်ဆိုးပူးကပ်မှုရဲ့ နောက်ကွယ်က တကယ့်တရားခံ စုန်းကဝေအမှန်တရားကို အသက်နဲ့ရင်းပြီး လိုက်လံစုံစမ်းရပါတော့တယ်။

👁19Views
💬0Comments
Community

Comments

User: usr_df2432395b...
0/500
ပထမဆုံး comment ရေးသူဖြစ်နိုင်ပါတယ်။