Now PlayingSci-Fi
🤖 Sci-Fi 🌍 Unknown 📅 2025

Son's Will 2025

"Son's Will" (မူရင်းအမည်: Volja sinovljeva / A Son's Will) ဟာ ဆားဘီးယား (Serbia) နိုင်ငံက ရိုက်ကူးထားပြီး Mad Max စတိုင် ပိုစ့်-အပေါကလစ်တစ် (Post-apocalyptic) ကမ္ဘာကြီးကို နောက်ခံထားရိုက်ကူးထားတဲ့ Epic Action Sci-Fi / Adventure ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။
​ဆားဘီးယားနိုင်ငံမှာ ရှားရှားပါးပါး ဖန်တီးထားတဲ့ Sci-Fi အက်ရှင် အမျိုးအစားဖြစ်ပြီး မတူညီတဲ့ ကန္တာရဆန်ဆန် ကမ္ဘာပျက်ကပ်နောက်ခံနဲ့ ရှေးဟောင်း ရိုးရာဒဏ္ဍာရီပုံစံကို ပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။
​ဇာတ်လမ်းအကျဉ်း
​နျူကလီးယားစစ်ပွဲကြောင့် ပျက်စီးပြုန်းတီးသွားတဲ့ အနာဂတ် ကမ္ဘာကြီးမှာ စည်းကမ်းဥပဒေဆိုတာ မရှိတော့ဘဲ "ကျည်ဆံ" ဟာ အဖိုးတန်ဆုံး ငွေကြေးအဖြစ် အသုံးတော်ခံနေပါတော့တယ်။
​ဒီလို ဖရိုဖရဲဖြစ်နေတဲ့ ကမ္ဘာပျက်ကြီးထဲမှာ တောကြိုတောင်ကြားက စိုက်ပျိုးရေးလုပ်ကိုင်တဲ့ နိမ့်ကျတဲ့ "Grainpeople" မျိုးနွယ်စုလေးဟာ ကျန်ရှိနေတဲ့ နောက်ဆုံးမြို့တော်ရဲ့ ရက်စက်စက်ဆုတ်ဖွယ်ကောင်းတဲ့ အုပ်ချုပ်သူတွေဆာ ထက်ဝက်မက အခွန်ဆက်ပြီး ငြိမ်ခံနေကြရပါတယ်။
​တစ်နေ့မှာတော့ Jovan ဆိုတဲ့ စစ်သူကြီးလူငယ်ရဲ့ ညီမဖြစ်သူကို မြို့တော်က လူမိုက်တွေက ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့ပါတယ်။ Jovan ဟာ ပျောက်ဆုံးသွားတဲ့ ညီမဖြစ်သူကို လိုက်လံရှာဖွေ ကယ်တင်ဖို့အတွက် အန္တရာယ်ဆိုးတွေနဲ့ ပြည့်နှက်နေတဲ့ လွင်ပြင်ပြင်ကျယ်ကြီးထဲကို စွန့်စားထွက်ခွာလာခဲ့ပါတယ်။
​ဒီခရီးစဉ်အတွင်းမှာ Jovan ဟာ Andjelija ဆိုတဲ့ အမျိုးသမီးငယ်နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး၊ မကောင်းဆိုးဝါးဆန်တဲ့ အုပ်ချုပ်သူတွေကို တွန်းလှန်ဖို့ကြိုးစားရင်း စိတ္တဇဆန်တဲ့ ကမ္ဘာကြီးရဲ့ ဗဟိုချက်မြို့တော်ထဲမှာ စိတ္ဓာတ်ပိုင်းဆိုင်ရာနဲ့ တိုက်ခိုက်မှုပိုင်းဆိုင်ရာ အဆုံးအဖြတ် တိုက်ပွဲကြီးကို ရင်ဆိုင်ရပါတော့တယ်...

👁11Views
💬0Comments
Community

Comments

User: usr_5daebe26ec...
0/500
ပထမဆုံး comment ရေးသူဖြစ်နိုင်ပါတယ်။