Now PlayingDrama
🎭 Drama 🌍 Ireland 📅 2026

Power Ballad 2026

Power Ballad (2026) ကားဟာ Once, Begin Again နဲ့ Sing Street တို့လို ဂီတနောက်ခံ ရုပ်ရှင်ကောင်းတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ John Carney ရဲ့ လက်ရာသစ်ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် မေလနှောင်းပိုင်းမှာ ရုံတင်ပြသခဲ့တဲ့ ဂီတနောက်ခံ ဟာသဒရမ်မာ (Music Comedy-Drama) ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
​Marvel စကြာဝဠာရဲ့ Ant-Man မင်းသားကြီး Paul Rudd နဲ့ ကမ္ဘာကျော် Jonas Brothers အဖွဲ့ဝင် မင်းသား/အဆိုတော် Nick Jonas တို့ အဓိက အားပြိုင်ထားတဲ့ ဒီကားရဲ့ ဇာတ်လမ်းအညွှန်းကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။
​ဇာတ်လမ်းအကျဉ်း (Plot Summary)
​ဇာတ်လမ်းကတော့ အိုင်ယာလန်နိုင်ငံမှာ အခြေချနေထိုင်ပြီး မင်္ဂလာဆောင်တွေမှာ သီချင်းလိုက်ဆိုရတဲ့ "The Bride & Groove" အဖွဲ့ရဲ့ ခေါင်းဆောင်၊ အသက်အရွယ်ရလာပြီဖြစ်တဲ့ အဆိုတော် Rick (Paul Rudd) ကို အခြေခံထားပါတယ်။ သူဟာ တစ်ချိန်က ကိုယ်ပိုင်အယ်လ်ဘမ်ထုတ်ပြီး အောင်မြင်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ မိသားစုအတွက်နဲ့ ရည်မှန်းချက်တွေကို စွန့်လွှတ်ကာ သာမန်မင်္ဂလာဆောင်အဆိုတော်အဖြစ်ပဲ ဘဝကို ဖြတ်သန်းနေရသူ ဖြစ်ပါတယ်။
​တစ်ရက်မှာတော့ သူတို့အဖွဲ့ သီချင်းဆိုရတဲ့ သူဌေးကတ်ကတ် မင်္ဂလာဆောင်တစ်ခုမှာ သတို့သားရဲ့ သူငယ်ချင်းဖြစ်ပြီး လက်ရှိမှာ နာမည်မှေးမှိန်နေတဲ့ Boy-band အဆိုတော်ဟောင်း Danny (Nick Jonas) နဲ့ Rick တို့ ဆုံတွေ့ခဲ့ကြပါတယ်။ ပွဲအပြီး ညဉ့်နက်ပိုင်းမှာ သူတို့နှစ်ယောက် သောက်စားမူးယစ်ရင်း ဂီတအကြောင်းတွေ အပြန်အလှန် နှီးနှောဖလှယ်ကြပြီး အတူတူ သီချင်းတိုက် (Jam session) လုပ်ခဲ့ကြပါတယ်။ အဲဒီညက သူတို့နှစ်ယောက်ကြား ကောင်းမွန်တဲ့ ဖန်တီးမှုလှိုင်းချင်း ထပ်တူကျခဲ့ကြပြီး အကြံဉာဏ်တွေ ပေးခဲ့ကြပါတယ်။
​ဒါပေမဲ့ ၆ လလောက် ကြာပြီးတဲ့နောက်မှာတော့ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတော့တယ်။ Danny ဟာ အဲဒီညက Rick ရေးစပ်ပြခဲ့တဲ့ ကိုယ်ပိုင်သီချင်းတစ်ပုဒ်ကို ခိုးယူပြီး သူ့ရဲ့ တစ်ကိုယ်တော် သီချင်းအဖြစ် ထုတ်လုပ်လိုက်ရာကနေ ကမ္ဘာအနှံ့ ပေါက်သွားပြီး သူ့ရဲ့ မှေးမှိန်နေတဲ့ အနုပညာလမ်းကြောင်းကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပါတယ်။ မိမိရဲ့ ကိုယ်ပိုင်ဦးနှောက်ထုတ်လုပ်မှုကို အခိုးခံလိုက်ရမှန်း သိသွားတဲ့ Rick ဟာ ပိုက်ဆံထက်စာရင် သူ့ရဲ့ အနုပညာဖန်တီးမှုအတွက် ရထိုက်တဲ့ အသိအမှတ်ပြုမှု (Creative Credit) ကို ပြန်လည်ရရှိဖို့အတွက် Danny ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ မန်နေဂျာတွေ၊ ဂီတလောကရဲ့ စနစ်တွေကြားထဲ ဘဝ၊ မိသားစုနဲ့ အရာရာကို ရင်းပြီး ဘယ်လိုပြန်လည်တိုက်ပွဲဝင် တောင်းဆိုသွားမလဲဆိုတာကို ရှုစားရမှာ ဖြစ်ပါတယ်။

👁17Views
💬0Comments
Community

Comments

User: usr_11d6a73b39...
0/500
ပထမဆုံး comment ရေးသူဖြစ်နိုင်ပါတယ်။