Busboys 2026
"Busboys" (2026) ဟာ နာမည်ကြီး ဟာသသရုပ်ဆောင်နဲ့ ပေါ့ဒ်ကတ်စတာတွေဖြစ်တဲ့ David Spade နဲ့ Theo Von တို့ ပူးတွဲရေးသားပြီး ပရိုဂျူးစ်လုပ်ကာ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ Buddy Comedy ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။
ဒါရိုက်တာ Jonah Feingold က ရိုက်ကူးထားပြီး Tim Dillon, Bobby Lee, Trevor Wallace နဲ့ Jay Pharoah စတဲ့ နာမည်ကြီး ကောမဒီယန် အများအပြား ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအကျဉ်း
Markie (David Spade) နဲ့ Steef (Theo Von) တို့ဟာ ဘဝမှာ အမြဲတမ်း အဆင်မပြေဖြစ်ပြီး လူရာမဝင်တဲ့ သာမန်သူငယ်ချင်း နှစ်ယောက် ဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ Markie ရဲ့ ကောင်မလေးက သူ့ကို စားပွဲထိုးတစ်ယောက်နဲ့ ဖောက်ပြန်သွားခဲ့ပါတယ်။
အဲဒီမှာတင် သူတို့နှစ်ယောက်ဟာ "စားပွဲထိုးလုပ်ရင် ပိုက်ဆံလည်းရမယ်၊ လူတွေရဲ့ လေးစားမှုကိုလည်း ရမယ်၊ ကောင်မလေးတွေလည်း ရမယ်" ဆိုတဲ့ မဟုတ်မမှန် မှားယွင်းတဲ့အတွေး ဝင်သွားခဲ့ကြပါတယ်။ အဲဒီကနေမှတစ်ဆင့် အထက်တန်းစား စားသောက်ဆိုင်ကြီးတစ်ခုမှာ ဘတ်စ်ဘွိုင် (Busboy - စားပွဲသိမ်းသမား) အဖြစ် စတင်အလုပ်ဝင်ရာကနေ အလွဲလွဲအချော်ချော်တွေ ဖြစ်ပွားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေထဲအထိ ပါဝင်ပတ်သက်မိသွားတဲ့အခါ...
Comments