Bitter Gold 2025
"Bitter Gold" (မူရင်းအမည်: Oro amargo) ဟာ ချီလီနိုင်ငံရဲ့ အတားခါးမ သဲကန္တာရ (Atacama Desert) ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖို Neo-Western Drama ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
ဒါရိုက်တာ Juan Francisco Olea က ရိုက်ကူးထားပြီး မင်းသမီးသစ် Katalina Sánchez နဲ့ ဝါရင့်မင်းသားကြီး Francisco Melo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
အသက် ၁၆ နှစ်အရွယ် မိန်းကလေး Carola ဟာ သူမရဲ့အဖေ Pacífico နဲ့အတူ အတားခါးမ သဲကန္တာရထဲက တရားမဝင် ကြေးနီတူးဖော်တဲ့ အလုပ်စခန်းသေးသေးလေးမှာ အလုပ်သမားတစ်စုနဲ့အတူ အလုပ်လုပ်ကြသူတွေ ဖြစ်ကြပါတယ်။
ဒါပေမဲ့ သူတို့သားအဖနှစ်ယောက်မှာ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေခဲ့ပါတယ်။ အဲဒါကတော့ သူတို့တူးဖော်နေတဲ့ ကြေးနီတွင်းရဲ့ အောက်ခြေမှာ အဖိုးတန် ရွှေကြော (Gold Vein) တစ်ခုကို တွေ့ရှိထားတာပါပဲ။
တစ်နေ့မှာတော့ ဒီလျှို့ဝှက်ချက်ကို ရိပ်မိသွားတဲ့ ရန်သူ့ဘက်က မိုင်းလုပ်သားတစ်ဦးနဲ့ ခိုက်ရန်ဖြစ်ပွားရင်း အဖေဖြစ်သူ Pacífico ဟာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပါတယ်။ အဖေဖြစ်သူ အလုပ်မလုပ်နိုင်တော့တဲ့အခါ ကန္တာရထဲက ယောက်ျားကြီးတွေချည်းပဲရှိတဲ့ ကြမ်းတမ်းတဲ့ သတ္တုတွင်းစခန်းကို ၁၆ နှစ်အရွယ် Carola က ဦးဆောင်ဖို့ အကြောင်းဖန်လာပါတယ်။ ရွှေကို လောဘတက်ပြီး လုယူချင်နေကြတဲ့ ရန်သူတွေ၊ သစ္စာဖောက်ချင်နေကြတဲ့ အလုပ်သမားတွေနဲ့ အကြမ်းဖက်မှုတွေကြားထဲမှာ Carola တစ်ယောက် သူမရဲ့ အသက်နဲ့ အဖေရဲ့ လျှို့ဝှက်ချက်ကို ဘယ်လိုကာကွယ်သွားမလဲဆိုတာ ရင်သပ်ရှုမော ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Comments